တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရအဖွဲ့များအနေဖြင့် လယ် သမားများ၏ ဖြစ်ပေါ်နေသော ပကတိအခြေအနေမှန်များကို မူတည်ကာဥပဒေနှင့်အညီ စိစစ် ကိုင်တွယ်ဖြေရှင်းဆောင်ရွက်ပေး
သွားရန်ရှိကြောင်း လယ်ယာစိုက် ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန မှ တာဝန်ရှိသူတစ်ဦး
မှပြောကြား သည်။
လယ်ယာမြေဥပဒေကို လက်တွေ့ကျင့်သုံးနိုင်ရန်အတွက် လယ်ယာမြေနည်းဥပဒေများ ကို ရေး ဆွဲပြီးဖြစ်ရာသက်ဆိုင်ရာတိုင်း ဒေသကြီးနှင့် ပြည်နယ် အစိုးရ အဖွဲ့များက အတည်ပြုပြဋ္ဌာန်း သည့်လယ်ယာမြေဥပဒေ၊ ပေါ် ပေါက်လာမည့်နည်းဥပဒေနှင့် လုပ်ထုံးလုပ်နည်းများနှင့် အညီ ပကတိအခြေအနေမှန်ပေါ်မူတည် စိစစ်ဖြေရှင်းဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း သိရသည်။
““တိုင်းဒေသကြီးပြည်နယ် အစိုးရအဖွဲ့များအနေနဲ့ ဒေသတွင်း ဖြစ်ပေါ်လာတဲ့ ကိစ္စရပ်တွေ ကို အောက်ခြေမြေပြင်ပကတိအခြေ အနေမှန်အတိုင်းဥပဒေနှင့်အညီ ကိုင်တွယ်ဖြေရှင်းမှာပါ””
ဟု ဌာနမှ တာဝန်ရှိသူက ပြောသည်။
လက်ရှိအခြေအနေတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အများ အပြား၌ မြေယာများသိမ်းဆည်း
ခံရသဖြင့် အလုပ်လက်မဲ့ဖြစ်နေ ရသည့် လယ်သမားများစွာရှိနေ ကြပြီး အကျိုးတူပူးပေါင်းဆောင်
ရွက်မည်ဆိုသည့် ကုမ္ပဏီများက လည်း တရားမဲ့နိုင်ထက်စီးနင်းပြု လုပ်မှုများရှိနေကြောင်း သိရသည်။
သတင်းရင်းမြစ်း Hot News Weekly
No comments:
Post a Comment
မျှဝေသောသတင်းများပေါ်တွင် လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်ပါသည်။ ရိုင်းပျသော မှတ်ချက်များ မရေးသားရန် တောင်းဆိုအပ်ပါသည်။