အလည်ရောက်လာကြတဲ့ သူငယ်ချင်းများ အားလုံးကို ကျေးဇူးတင်ပါတယ်။ နေ့စဉ်ရရှိသမျှသတင်းတွေကို အတတ်နိုင်ဆုံး တင်ပေးထားပါတယ်။ကျေးဇူးပြု၍ Member ၀င်ပြီး မှတ်ချက်လေးတွေ ထားခဲ့ပေးပါ။ သူငယ်ချင်းတို့ရဲ့ မှတ်ချက်တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ ။ မီးနဂါး

Sunday, July 22, 2012

ပြည်ထောင်စုကော်မရှင်က PRစနစ်နှင့်ပတ်သက်၍ ဆွေးနွေးရန်ဆယ်ပါတီကို ဖိတ်ကြား

 
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှနေ၍ ဒီမိုကရေစီ မိတ်ဆွေပါတီများကို အချိုးကျ
ကိုယ်စားပြု စနစ်  PR နှင့်ပတ် သက်၍ တွေ့ဆုံဆွေးနွေးရန် ဖိတ်ကြားထားကြောင်းသိရသည်။
လာမည့် ၂၇-၇-၂၀၁၂ ရက်နေ့ နံနက် (၁၀)နာရီတွင် ပြည်ထောင်စုရွေးကောက်ပွဲကော် မရှင် အစည်းအဝေးခန်းမတွင် တွေ့ဆုံမည်ဖြစ်ပြီးတစ်ပါတီလျှင် ပါတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့ တက်ရောက်ရန်ဖြစ်ကြောင်း၊တစ် ဦးဦးမတက်နိုင်ပါက ဗဟိုအလုပ် အမှုဆောင် ကော်မတီဝင်
တစ်ဦး တက်ရန်ဖြစ်ကြောင်း၊ အမျိုးသား ဒီမိုကရေစီအင်အားစုပါတီခေါင်း ဆောင် ဒေါက်တာ
သန်းငြိမ်း တက်ရောက်ဆွေးနွေးမည်ဖြစ် ကြောင်းသိရသည်။

   ၎င်းကိစ္စနှင့်ပတ်သက်၍၂၄- ၇-၂၀၁၂ ရက်နေ့ နေ့လယ် (၁) နာရီတွင် ဒီမိုကရေစီ  မိတ်ဆွေ
ပါတီမှ ကြိုတင်ညှိနှိုင်းပွဲကို အမျိုး သားဒီမိုကရေစီအင်အားစု ဌာန ချုပ်တွင် ကျင်းပရန် ရှိပါကြောင်း သတင်းရရှိသည်။


သတင်းရင်းမြစ်   Hot News Weekly

No comments:

Post a Comment

မျှဝေသောသတင်းများပေါ်တွင် လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်ပါသည်။ ရိုင်းပျသော မှတ်ချက်များ မရေးသားရန် တောင်းဆိုအပ်ပါသည်။