ဆေးတက္ကသိုလ်၌ တက်ရောက်ပညာ သင်ကြားခွင့်ပြုမည့် ကျောင်းသူအချိုးကို
ယခု
ပညာသင်နှစ် မှစ၍ တိုးမြှင့်သွားမည်ဟု ကျန်းမာရေး ဝန်ကြီးဌာန
အကြီးတန်းအရာရှိက
ပြောသည်။
ယခင်က ဆေးတက္ကသိုလ်မှ လက်ခံရာတွင် ကျောင်းသူ ဦးရေ အား ၄ဝ ရာခိုင်နှုန်းအထိ
သာ ခွင့်ပြု ပေးခဲ့သော်လည်း ယခုနှစ်တွင် ၅ဝ
ရာခိုင်နှုန်း သို့ တိုးမြှင့် လိုက်သည်ဟု
အထက်ပါ ပုဂ္ဂိုလ်က ပြောသည်?:g|O]Kw့ ယောက်ျားလေး နဲ့ မိန်းကလေး ဦးရေကို
တန်းတူ ပေးလိုက်တာပါ''ဟု ကျန်းမာရေးဝန်ကြီးဌာန အကြီးတန်းအရာရှိက ဆက်လက်
ပြော သည်။
ယခုပညာသင်နှစ်တွင် ဆေးတက္ကသိုလ် အသီးသီးတို့၌ ဝင်ခွင့်ရ ကျောင်းသား/သူဦးရေ
၁၂ဝဝ ကိုသာ
လက်ခံပေးမည်ဖြစ်ရာ ပညာရေး ဝန်ကြီးဌာနက လျှောက်ထားသူများ၏
အမှတ်အလိုက်
စီတန်းကာ ရွေးချယ် သွား မည်ဖြစ်သည်။
ပညာရေးဝန်ကြီးဌာန၏ သဘော တူညီမှုဖြင့် ကျောင်းသား ၆ဝဝ နှင့် ကျောင်းသူ ၆ဝဝ
လက် ခံသွားမည့်အထဲတွင် နယ်စပ်ဒေသ
နှင့် ဝေးလံခေါင် ပါးသောဒေသမှ ဆေးကျောင်း
တက်ရန် ယခုနှစ် တက္ကသိုလ်
ဝင်တန်းအောင် လျှောက်ထားသူ ကျောင်းသား၊ ကျောင်းသူ
သုံးရာခိုင်နှုန်း
ပါဝင်မည်ဟု ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။
ဝင်ခွင့်ရ ကျောင်းသား ၊ကျောင်းသူများ လျှောက် ထားသည့်ဒေသနှင့် နီးကပ် သည့် ဆေး
တက္ကသိုလ် တို့တွင်သာ တက်ရောက် ခွင့်ပြုသည့် စနစ်ကိုပါ ယခုနှစ်တွင်
ပူးတွဲ ကျင့်
သုံးတော့မည်ဖြစ်သည်။ သွားဘက်ဆိုင်ရာ ဆေး တက္ကသိုလ်များ၌ ယခုနှစ်
ပညာသင်နှစ်
တွင် အပြောင်းအလဲပြုလုပ်မည် မဟုတ်ဟု အထက် ပါဝန်ကြီးဌာန
အကြီးတန်းအရာရှိက
ဆက်လက်ပြော သည်။
''သွားဆေးတက္ကသိုလ်က အမျိုးသမီး လက်ခံတဲ့ ဦးရေကို နဂိုကတည်းက သတ်မှတ်ထား
တာ ရှိထားပြီးသားပါ။ ကျောင်းသား
အတိုးအလျှော့ ဒါတွေလည်း ဒီနှစ်မှာ လုပ်ဖို့ ဘာမှ
မကြားထားမိပါဘူး''ဟု
ပြောသည်။
၂ဝ၁၁ - ၂ဝ၁၂ တက္ကသိုလ် ဝင်ခွင့်တွင် ဆေးတက္ကသိုလ်အတွက် ကျောင်းသူ ဦးရေ ၄ဝ
ရာခိုင်နှုန်း၊ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်၌ ကျောင်းသူ ဦးရေ ၂ဝ
ရာခိုင်နှုန်း၊
သူနာပြုတက္ကသိုလ်တွင် ကျောင်းသား ဦးရေ ၁ဝ ရာခိုင်နှုန်းနှင့်
အခြေခံ ကျန်းမာရေး
တက္ကသိုလ်တွင် ကျောင်းသူဦးရေ ၂ဝ ရာခိုင်နှုန်း
လက်ခံခဲ့သည်။
သတင်းရင်းမြစ်
း Popular Myanmar News
No comments:
Post a Comment
မျှဝေသောသတင်းများပေါ်တွင် လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်ပါသည်။ ရိုင်းပျသော မှတ်ချက်များ မရေးသားရန် တောင်းဆိုအပ်ပါသည်။