အလည်ရောက်လာကြတဲ့ သူငယ်ချင်းများ အားလုံးကို ကျေးဇူးတင်ပါတယ်။ နေ့စဉ်ရရှိသမျှသတင်းတွေကို အတတ်နိုင်ဆုံး တင်ပေးထားပါတယ်။ကျေးဇူးပြု၍ Member ၀င်ပြီး မှတ်ချက်လေးတွေ ထားခဲ့ပေးပါ။ သူငယ်ချင်းတို့ရဲ့ မှတ်ချက်တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ ။ မီးနဂါး

Wednesday, July 25, 2012

"ကားလိုမြန်သော ရထား ရန်ကုန်-မန်း ပြေးဆွဲရန် ဂျပန်သုတေသနစတင်"

ရန်ကုန်-မန္တလေး အမြန် ရထား ပြေးဆွဲကြာချိန်ကို ထက်ဝက်လျှော့ချရန် အတွက် ဂျပန်
ပညာရှင်များ ဆန်းစစ်သုတေသန ပြုလုပ်နေကြပြီဟု ရထား ပို့ဆောင်ရေးဝန်ကြီးဌာနမှ 
သိရသည်။

လက်ရှိတွင် ရန်ကုန်-မန်း အမြန်ရထားပြေးဆွဲကြာချိန်မှာ ၁၄ နာရီဖြစ်ပြီး ၈ နာရီဖြင့် အရောက် 
သွားနိုင်ရန်    အတွက် ဂျပန်   အစိုးရက ကူညီသွားမည်ဟု သိရသည်။  ''ရန်ကုန် -မန္တလေး
 လမ်းပိုင်း ကို   ဂျပန်ပညာရှင်တွေ လေ့လာပြီး တာနဲ့ အစီရင်ခံစာ  ထွက်လာပါမယ်။
 ဒီအစီရင်ခံစာကို နှစ်ဖက်ညှိနှိုင်းပြီး ဆက် လက် ဆောင်ရွက်ကြပါမယ်'' ဟု ၄င်းကပြောသည်။
၃၈၅ မိုင်ရှည်လျားသည့် ရန်ကုန်-မန္တလေးလမ်းပိုင်းတွင် အမြန်ရထား၊ စာပို့နှင့် ရိုးရိုး ရထားများ
 ပြေးဆွဲနေသော်လည်း ဂျပန်အစိုး ရက အမြန် ရထားပြေးဆွဲချိန်ကိုသာ    ထက်ဝက်လျော့ကျ
သွားရန် ကူညီပေး မည်ဟု ၄င်းက ဆက်လက်ပြောသည်။
ရန်ကုန်-မန္တလေး ရထားစီး နင်းသူ မိုးကုတ်မြို့မှ အသက် ၅၅   နှစ်ကျော် အရွယ်ရှိ  အမျိုးသမီး 
တစ်ဦးက''အရင်တုန်းကဆို ရထားခက ဈေးသက် သာတော့ စီးတာများကြပေမယ့် အခုနောက်
ပိုင်း ရထားနဲ့ ကားခလက်မှတ် က အတူတူပဲ ဆိုတော့ ရွေးချယ်မှုက ကားဘက်ကို သာနေတယ်။
ကားလက်မှတ် ကျပ်တဲ့အခါမျိုးနဲ့ ဘူတာနဲ့နီးတဲ့ သူတွေသာ စီးကြတော့တယ်။ ၁၄ နာရီ
ခုတ်မောင်းတယ်ဆိုပေမယ့် ရပ်နား ထားတာတွေကိုပါ   ထည့်တွက်ရင် အမှန် ၁၈  နာရီ
aလာက်ကြာနိုင် တယ်''ဟု ပြောသည်။

၎င်းက အချိန် ၈ နာရီနှင့်သာ ရောက်ပါက ကားနှင့် နှိုင်းယှဉ်လျှင် အန္တရာယ်ဖြစ်နိုင်မှု အခြေအနေ
 မရှိသလောက် နည်းပါးခြင်းကြောင့် ရထားကို သာစီးမည်ဟု ပြောသည်။ရန်ကုန်-မန်း အမြန်ရထား 
များသည် တစ်နာရီလျှင် မိုင် ၃ဝ သာ ခုတ်မောင်း ပြီး ပျော်ဘွယ်-ရမည်းသင်းတို့၌ တစ်နာရီ ၄၅ 
မိုင်နှုန်း ခုတ်မောင်းနေကြောင်းမြန်မာ့မီးရထားမှ သိရသည်။

ရထားပို့ဆောင်ရေး ဝန်ကြီးဌာန အကြီးတန်းအရာရှိက ''မြန်နှုန်းမြှင့် ရပါမယ်။ ဒါမှ ခုတ်မောင်းချိန် 
ကနည်းသွားမှာပါ။ ဒီမှာ ရှိတဲ့ လမ်းပိုင်း၊ သံ လမ်း အခြေအနေတွေကို ကြိုတင်ပြီး မြန်မာ့မီးရထား
ပိုင်းက စလုပ်နေတာ မျိုးတွေလုပ်နေပါပြီ''ဟု ပြောသည်။ဂျပန်ပညာရှင်များ၏ သုတေသနအစီရင် 
ခံစာ ပေါ်ထွက်ပြီး မကြာမီ အမြန် ဆုံးပြီးစီးအောင် ဆောင်ရွက်သွားမည်ဟု ရထားပို့ ဆောင်ရေး 
ဝန်ကြီးဌာနမှ တာဝန်ရှိ သူက ပြောသည်။

ရန်ကုန်-မန္တလေးလမ်းပိုင်း နည်းတူ   ရန်ကုန်-နေပြည်တော် အား ရထားဖြင့် အချိန်  တစ်နာရီကြာ 
သာစီးနင်းပြီး  သွားရောက်နိုင်မည့်   အစီအစဉ်ကို ဆောင် ရွက်သွားမည်ဟု ပြည်ထောင်စုဝန်ကြီး
 ဦးအောင်မင်း က မီဒီယာ များနှင့် နေပြည်တော်၌ တွေ့ဆုံစဉ် ပြောခဲ့ဖူးသည်။

သတင်းရင်းမြစ်    Popular Myanmar News     

No comments:

Post a Comment

မျှဝေသောသတင်းများပေါ်တွင် လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်ပါသည်။ ရိုင်းပျသော မှတ်ချက်များ မရေးသားရန် တောင်းဆိုအပ်ပါသည်။