အလည်ရောက်လာကြတဲ့ သူငယ်ချင်းများ အားလုံးကို ကျေးဇူးတင်ပါတယ်။ နေ့စဉ်ရရှိသမျှသတင်းတွေကို အတတ်နိုင်ဆုံး တင်ပေးထားပါတယ်။ကျေးဇူးပြု၍ Member ၀င်ပြီး မှတ်ချက်လေးတွေ ထားခဲ့ပေးပါ။ သူငယ်ချင်းတို့ရဲ့ မှတ်ချက်တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ ။ မီးနဂါး

Sunday, July 22, 2012

တစ်လအတွင်း ဒုသမ္မတရွေးမည်ဟု ဦးဌေးဦးပြော

 
လစ်လပ်ဒုတိယသမ္မတ ရွေးချယ်ပေးရေးကိစ္စအားကြန့်ကြာအောင် အချိန်ဆွဲသွားမည်
မဟုတ်ဘဲ၊ (၁) လအတွင်း အပြီးသတ်ရွေးချယ်ပေး  သွားမည်ဟု နိုင်ငံတော်  သမ္မတ ၊ ဒုတိယသမ္မတများ၊အရည်အချင်းနှင့်ကိုက်ညီမှု ရှိမရှိ စီစစ်ရေးအဖွဲ့အဖွဲ့ဝင်ဦးဌေးဦးက ယနေ့တွင်ပြောသည်။

“ကျွန်တော်တို့အချိန်ဆွဲနေလို့ ဘယ်ရမလဲ၊အမြန်ဆုံးရွေးပေးရမှာပေါ့”ဟု ဟသာင်္တမြို့နယ် တွင်ရောက်ရှိနေသည့် ဦးဌေးဦးက ဆက်သွယ်မေးမြန်းမှုကိုဖြေသည်။

လစ်လပ်ဒုတိယသမ္မတ ရွေးချယ်ရေးကိစ္စမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဖြစ်သဖြင့် မိမိတို့အဖွဲ့

အနေဖြင့် လွန်ဆန်၍ မရပါကြောင်း ဦးဌေးဦးက ဆက်လက်ကာပြောသည်။ယခုရွေးချယ်မည့်
ဒုတိယ သမ္မတတစ်ဦးမှာ သမ္မတကြီးအားထောက်ကူပေးရန် အတွက်ဖြစ်ပြီး လုပ်ဆောင်ရမည့် တာဝန်များမှာ သမ္မတကြီး၏ခွဲဝေပေးမှုအပေါ်တွင်သာ မှီနေသည်ဟု ၄င်းကထပ်မံကာပြောသည်။

သတင်းရင်းမြစ်    Popular Myanmar News    

No comments:

Post a Comment

မျှဝေသောသတင်းများပေါ်တွင် လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်ပါသည်။ ရိုင်းပျသော မှတ်ချက်များ မရေးသားရန် တောင်းဆိုအပ်ပါသည်။