အလည်ရောက်လာကြတဲ့ သူငယ်ချင်းများ အားလုံးကို ကျေးဇူးတင်ပါတယ်။ နေ့စဉ်ရရှိသမျှသတင်းတွေကို အတတ်နိုင်ဆုံး တင်ပေးထားပါတယ်။ကျေးဇူးပြု၍ Member ၀င်ပြီး မှတ်ချက်လေးတွေ ထားခဲ့ပေးပါ။ သူငယ်ချင်းတို့ရဲ့ မှတ်ချက်တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ ။ မီးနဂါး

Sunday, July 22, 2012

ချင်းဝိသေသတိုင်း အက်ဥပဒေ ပြင်ဆင်ရေး ဆွေးနွေး

 ၆၄ ကြိမ်မြောက် ချင်းပြည်နယ်နေ့ကို ဖေဖေါ်ဝါရီလ ၂၀ ရက်နေ့က ကျင်းပခဲ့ပါတယ်

မြန်မာနိုင်ငံမှာ လွတ်လပ်ရေး ရပြီးစ အချိန်က ပြဌာန်းခဲ့တဲ့ ချင်းဝိသေသတိုင်း အက်ဥပဒေ ပြင်
ဆင်ဖြည့်စွက်ရေးနဲ့ ပတ်သက်ပြီး ချင်းပြည်နယ် အစိုးရ အဖွဲ့ဝင်တွေနဲ့ ဥပဒေ ပညာရှင်တွေ ပြီးခဲ့
တဲ့ ရက်ပိုင်းက ဟာခါးမြို့မှာ တွေ့ဆုံ ဆွေးနွေးခဲ့ကြ ပါတယ်။ချင်းပြည်နယ်ကို အင်္ဂလိပ်ကိုလိုနီ
တွေက ပြည်နယ် အဆင့် မဟုတ်ဘဲ ဝိသေသတိုင်း တခု အဆင့်ပဲ ပေးထားတာ ဖြစ်ကြောင်း၊
 ဒီအတွက် သီးခြား ရေးစွဲထားတဲ့ အခု အက်ဥပဒေကို ပြန်လည် ပြင်ဆင်တာ ဖြစ်ပါတယ်။

အခုခေတ်နဲ့ ကိုက်ညီမှု မရှိတော့တဲ့ ဥပမာ ဈေးနှုန်း သတ်မှတ်ချက် တွေနဲ့ သဘာဝပတ်ဝန်း
ကျင် ထိန်းသိမ်းရေး၊ နောက် ဘိုးဘေး ဘီဘင်က ပိုင်ဆိုင် ခဲ့တဲ့ လယ်မြေတွေနဲ့ ပတ်သက်တဲ့ 
ဥပဒေတွေ စတာတွေကို ပြင်ဆင်ဖို့ ဖြစ်တယ်လို့ အစည်းအဝေး တက်ရောက်ခဲ့ သူ ချင်းပြည်
နယ်ရေးရာ လွှတ်တော် ကော်မတီ အဖွဲ့ရဲ့ ဥပဒေပြု ကော်မတီ ဥက္ကဌလည်းဖြစ် CPP ချင်းတိုး
တက်ရေး ပါတီက ဦးနာထန်းက ပြောပါတယ်။

ချင်းတိုင်းရင်းသားတွေ ကတော့ ယဉ်ကျေးမှု အပိုင်းတွေကို အဓိက ထားဆွေးနွေးခဲ့ပြီး၊ ဥပဒေ 
ပညာရှင်တွေကတော့ တခြားကိစ္စရပ် တွေကို ဆွေးနွေးတာ များတယ်လို့လည်း သူက ပြောပါ
တယ်။ရှေ့လကုန် လောက်မှာ နောက်ထပ်ဆွေးနွေးပွဲ ထပ်လုပ်ဖို့ ရှိတယ်လို့လည်း ဦးနာထန်းက
ဘီဘီစီကို ပြောပါတယ်။

သတင်းရင်းမြစ်   BBC      

No comments:

Post a Comment

မျှဝေသောသတင်းများပေါ်တွင် လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်ပါသည်။ ရိုင်းပျသော မှတ်ချက်များ မရေးသားရန် တောင်းဆိုအပ်ပါသည်။