အလည်ရောက်လာကြတဲ့ သူငယ်ချင်းများ အားလုံးကို ကျေးဇူးတင်ပါတယ်။ နေ့စဉ်ရရှိသမျှသတင်းတွေကို အတတ်နိုင်ဆုံး တင်ပေးထားပါတယ်။ကျေးဇူးပြု၍ Member ၀င်ပြီး မှတ်ချက်လေးတွေ ထားခဲ့ပေးပါ။ သူငယ်ချင်းတို့ရဲ့ မှတ်ချက်တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ ။ မီးနဂါး

Sunday, July 22, 2012

ဒေါ်အောင်ဆန်းစုကြည် အတ္ထုပ္ပတ္တိ စတင်ရိုက်ကူး

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘဝဖြတ်သန်းမှုတွေကို အခြေခံတဲ့ အတ္ထုပ္ပတ္တိ မှတ်တမ်းရုပ်ရှင်ကို ဒီနေ့မှာပဲ ဒါရိုက်တာ မင်းထင်ကိုကိုကြီးက စတင်ရိုက်ကူးတယ်လို့ သိရှိရပါတယ်။


(Archive Photo)
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်း
 နေအိမ်တွင် ရိုက်ကူးထားသော မှတ်တမ်းဓာတ်ပုံ ဖြစ်ပါသည်။

          တကယ်တော့ ဒီဇာတ်ကားကို ရိုက်ကူးဖို့ လွန်ခဲ့တဲ့ တနှစ်ကျော်လောက်  ကတည်းက
 ဒေါ်အောင်ဆန်း စုကြည်ရဲ့ ခွင့်ပြုချက်ကို ရယူထားခဲ့ကြောင်း ကိုမင်းထင်ကိုကိုကြီးက ပြောပါ
တယ်။ကြည့်ရှုချိန် (၁) နာရီခွဲစာလောက် ကြာမြင့်မယ့် အဲဒီ မှတ်တမ်းရုပ်ရှင်ကို အခန်း (၉) ခန်း
ခွဲပြီး (၁) နှစ်ခွဲကြာ ရိုက်ကူးမယ်လို့ ဒါရိုက်တာ မင်းထင်ကိုကိုကြီးက ပြောပါတယ်။

ဒီမှတ်တမ်းရုပ်ရှင်နဲ့  ပတ်သက်ပြီး ဒါရိုက်တာ မင်းထင်ကိုကိုကြီးကို RFA ကိုဥာဏ်ဝင်းအောင်က
 ဆက်သွယ်မေးမြန်းထားတာ နားဆင်ပါ။

ဆက်သွယ်မေးမြန်းချက် နားဆင်ရန် 

သတင်းရင်းမြစ်း  RFA      

No comments:

Post a Comment

မျှဝေသောသတင်းများပေါ်တွင် လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်ပါသည်။ ရိုင်းပျသော မှတ်ချက်များ မရေးသားရန် တောင်းဆိုအပ်ပါသည်။