အလည်ရောက်လာကြတဲ့ သူငယ်ချင်းများ အားလုံးကို ကျေးဇူးတင်ပါတယ်။ နေ့စဉ်ရရှိသမျှသတင်းတွေကို အတတ်နိုင်ဆုံး တင်ပေးထားပါတယ်။ကျေးဇူးပြု၍ Member ၀င်ပြီး မှတ်ချက်လေးတွေ ထားခဲ့ပေးပါ။ သူငယ်ချင်းတို့ရဲ့ မှတ်ချက်တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ ။ မီးနဂါး

Sunday, July 22, 2012

ကျူးကျော်ရပ်ကွက် ရုတ်တရက်ဝင် ဖျက်သိမ်း

ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ်၊ (၅) ရပ်ကွက်၊ ရန်ကြီးအောင်ပတ်လမ်းနားမှာ ရှိတဲ့ ကျူးကျော်
တဲ (၁၀၀) ကျော်ကို အာဏာပိုင်တွေက မနေ့က ရုတ်တရက် စတင် ဖျက်ဆီးခဲ့ပြီး၊ အားလုံး  ကို 
ဒီကနေ့ အပြီးတိုင်ဖျက်ဖို့ ဆောင်ရွက်နေကြောင်း နေအိမ် ဖျက်ခံရတဲ့ ကာယကံရှင် တစ်ဦး က 
ပြောပါတယ်။

AFP
ပဲခူးတိုင်းအတွင်းတွင် တွေ့ရသော ကျူးကျော်တဲတချို့ ဖြစ်ပါသည်။
"မနေ့က ဆိုလို့ ရှိရင် လူပေါင်း ၂၀၀ လောက်ရှိတယ်။ ရဲ၊ စစ်တပ်လည်းပါတယ်။ စစ်တပ်က 
ကုန်းပေါ်က  ရပ်ပြီးတော့ ကျနော်တို့ကို    ပိတ်ဆို့ပြီးတော့ ဖြတ်သွားတာ။ မနက်   ၅   နာရီ 
လောက် ကားနဲ့ ၀င်လာပြီးတော့ အိမ်တွေ ရွှေ့ပေး ပါပြောတယ်။ ပြီး ရွှေ့ပေးပါမယ်   ပြော 
တာတောင် မရဘူး။ အခုချက်ခြင်း လူဆင်း၊ အကုန်လုံး ချိတ်တွေနဲ ဆွဲချ၊ ရဲဒင်းနဲ့ခုတ်၊ ပေါက်
ဆိန်နဲ့ ပေါက်၊ အကုန် ဆွဲချ ဖျက်ချသွားတယ်။ အခုညဆက်နေမယ်ဆိုလည်း ကျနော်တို့ ကို 
ဖမ်းမယ်။  ဒီထဲမှာလည်း ကွင်းထဲမှာ ပစ္စည်းရော လူရော ဘာတခုမှ မမြင်ချင်ဘူး။ သူတို့က  
 ပြောတယ်။"အာဏာပိုင်တွေက ကြိုတင်အသိမပေးဘဲ မနေ့က မနက်လင်းအားကြီး အချိန်မှာ
 ရုတ်တရက် ၀င်ရောက် ဖျက်ဆီးခဲ့တာကြောင့် နေထိုင်သူတွေ ကြောက်လန့် တကြား ထွက်
ပြေး  ခဲ့ကြရတယ်လို့လည်း သူကပြောပါတယ်။

အဲဒီနေရာဟာ လေကြောင်းပို့ဆောင်ရေးဌာန ပိုင်နက်နယ်မြေဖြစ်တဲ့အတွက် ဖယ်ရှားပေးဖို့ အခု
နှစ် ဖေဖော်ဝါရီလက စတင်ပြီး  အာဏာပိုင်တွေက ညွှန်ကြား ခဲ့တယ်လို့ ဆိုပါတယ်။ ကျူးကျော်
နေထိုင်သူတွေ က  မိုးတွင်းကာလ လွန်မြောက်တဲ့အထိ ဆက်လက် နေထိုင်ခွင့်ပေးဖို့ နိုင်ငံတော်
သမ္မတ ဦးသိန်းစိန်ထံ စာရေးသား အသနားခံခဲ့ကြောင်း သိရပါတယ်။

အခုတော့ ဖယ်ရှားခံရတဲ့ ကျူးကျော် နေထိုင်သူတွေဟာ သူတို့ နေထိုင်ခဲ့တဲ့နေရာတွေ အနီးက
 လမ်းဘေးနဲ့ ချောင်ခြိုချောင်ကြား ကွက်လပ်တွေ မှာ ဖြစ်သလို နေထိုင်နေကြရ ပါတယ်။   အဲဒီ 
ကျူးကျော်  ရပ်ကွက်မှာ နေထိုင်သူ အိမ်ထောင်စု  ၂၀၀   လောက် ရှိပြီး၊ တချို့ဆိုရင် အဲဒီနေရာ
မှာ နေထိုင်ခဲ့ကြတာ အနှစ် (၂၀) လောက် ရှိပြီလို့ ဆိုပါတယ်။

သတင်းရင်းမြစ်    RFA      

No comments:

Post a Comment

မျှဝေသောသတင်းများပေါ်တွင် လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်ပါသည်။ ရိုင်းပျသော မှတ်ချက်များ မရေးသားရန် တောင်းဆိုအပ်ပါသည်။