ရန်ကုန်-မန္တလေး လမ်းဟောင်းရှိ ဖြူးလမ်းပိုင်း တစ်နေရာအား ဇူလိုင်လ ဒုတိယပတ်က တွေ့ရစဉ် |
ရန်ကုန်-မန္တလေးလမ်း၌ တစ်နေ့လျှင် ပျမ်းမျှယာဉ်အစီးရေ ၂၅၀၀ အထက်
ဖြတ်သန်းသွားလာနေသည့် လမ်းပိုင်းများကို လေးလမ်းသွားအဖြစ် တိုးချဲ့ရန် BOT
ကုမ္ပဏီများသို့ ညွှန်ကြားထားကြောင်း ဆောက် လုပ်ရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး
ဦးကျော်လွင်က လွှတ်တော်တွင် ပြောကြားခဲ့သည်။
ယင်းကဲ့သို့လမ်းတိုးချဲ့ရာ၌ ၄၈ ပေအကျယ်လေးလမ်းသွားလမ်းအဖြစ်
တိုးချဲ့ဆောင်ရွက်ရန်နှင့် တစ်နေ့ ပျမ်းမျှ ယာဉ်အစီးရေ စာရင်းအပေါ်မူတည် ၍
လမ်းအကျယ်ကို တိုးချဲ့ဆောင်ရွက်သွား မည်ဖြစ်ကြောင်း လည်း ဒုတိယ
ဝန်ကြီးဦးကျော်လွင်က ဆက်လက် ပြောကြားခဲ့သည်။
“ရန်ကုန်-မန္တလေး လမ်းဟောင်းမှာ သွားလာနေတဲ့ယာဉ်တွေ မှာ ခရီးသည်တင်ယာဉ်၊
ကုန်တင် ယာဉ်တွေ သွားလာဖို့ကို ကန့်သတ်မထားပါဘူး။ အမြန်လမ်းမှာသာ
ခရီးသည်တင်ယာဉ်တွေပဲ သွားလာ ခွင့်ပြုထား တာပါ။ လက်ရှိ
ရန်ကုန်-မန္တလေးလမ်းမှာတော့ ရန်ကုန်ကနေ မန္တလေးအထိကို ဂိတ် ၁၁ ဂိတ်ရှိပါ တယ်။
တချို့ဂိတ်တွေက လမ်းပြု ပြင်မှုတွေရှိပေမယ့် တချို့လမ်းပိုင်းတွေမှာတော့
သိသာတဲ့ပြင်ဆင်မှု တွေ မတွေ့ရပါဘူး”ဟုလည်း ဘုရင့် နောင်ရှိကုန်စည်
ပို့ဆောင်ရေးလုပ်ငန်းရှင်တစ်ဦးက ပြောကြားခဲ့သည်။
အလားတူကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ အငြိမ်းစား
ညွှန်ကြားရေးမှူး ဦးအောင်မြင့် ကလည်း “ရန်ကုန်-မန္တလေးလမ်းဟောင်းကို
တိုးချဲ့မယ်ဆိုရင် လမ်းအလယ်မှာ လမ်းလယ်ကျွန်းထည့်ပြီး တိုးချဲ့ဖို့ အကြံပြု
လိုပါတယ်။ အလယ်မှာလမ်းလယ်ကျွန်းရှိမယ်ဆိုရင် ဟိုဘက်နှစ်လမ်း၊
ဒီဘက်နှစ် လမ်းဖြစ် သွားအောင်ပါ။ ယာဉ်တစ်စီးနဲ့တစ်စီး ကျော်တက်လို့
မလိုအပ်တဲ့ ယာဉ်တိမ်းမှောက်မှုတွေ မဖြစ်အောင် လမ်းလယ်ကျွန်းထည့် သင့်ပါတယ်။
လမ်းကောင်းလာမယ်ဆိုရင် ကုန်စည်စီးဆင်းမှုပိုမြန်မယ်။ အချိန်ကုန်သက်သာမယ်။
ကုန်ကျ စရိတ်တွေလည်း သက်သာလာမယ်” ဟုလည်း ရန်ကုန်-မန္တလေး လမ်းဟောင်း အား
လေးလမ်းသွားအဖြစ် တိုးချဲ့မည့် အစီအစဉ်နှင့် ပတ်သက်ပြီး
ပြောကြားခဲ့သည်။
No comments:
Post a Comment
မျှဝေသောသတင်းများပေါ်တွင် လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်ပါသည်။ ရိုင်းပျသော မှတ်ချက်များ မရေးသားရန် တောင်းဆိုအပ်ပါသည်။