အလည်ရောက်လာကြတဲ့ သူငယ်ချင်းများ အားလုံးကို ကျေးဇူးတင်ပါတယ်။ နေ့စဉ်ရရှိသမျှသတင်းတွေကို အတတ်နိုင်ဆုံး တင်ပေးထားပါတယ်။ကျေးဇူးပြု၍ Member ၀င်ပြီး မှတ်ချက်လေးတွေ ထားခဲ့ပေးပါ။ သူငယ်ချင်းတို့ရဲ့ မှတ်ချက်တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ ။ မီးနဂါး
Wednesday, August 1, 2012
၂၀၁၂ခုနှစ် တက္ကသိုလ်ပညာရေး ဥပဒေကြမ်း အား ပြည်သူ့လွှတ်တော် မှ ပြန်လည်ပြင်ဆင် ရေးဆွဲသွား မည်
ပြည်သူ့ လွှတ်တော်မှ ၂၀၁၂ ခုနှစ် တက္ကသိုလ်များပညာရေးဥပဒေ ကြမ်းအား ပြန်လည်ပြင်
ဆင်ရေးဆွဲ သွား မည်ဖြစ် ကြောင်း သိရသည်။
ပြည်သူ့လွှတ်တော် ပညာရေး မြှင့်တင်မှုကော်မတီမှ တင်သွင်းသော ၂၀၁၂ခုနှစ် တက္ကသိုလ်
များ ပညာ ရေး ဥပဒေကြမ်းအား ပြည်သူ့လွှတ် တော် ပညာရေးမြှင့်တင်   မှုကော်မတီ အထူး
ကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင်ဝန်ကြီးဌာနမှ ကိုယ်စားလှယ်များ၊ ပြည်
သူများထဲမှ ကိုယ်စားလှယ်များ၊ လွှတ်တော်ကိုယ် စားလှယ် များ ပါဝင်ပြီး အဆိုပါ  ဥပဒေ ကို 
ပြန်လည်ပြင်ဆင်ရေးဆွဲသွားမည် ဖြစ်ကြောင်း   ပြည်သူ့လွှတ်တော်က အတည်ပြု   ဆုံးဖြတ်
လိုက်သည်။
အဆိုပါ   ဥပဒေကြမ်းနှင့်  စပ်လျဉ်း၍ ဒဂုံမြို့သစ်မြောက်ပိုင်း   မဲဆန္ဒနယ် ပြည်သူ့ လွှတ်တော် 
ကိုယ်စားလှယ် ဒေါ်တင်နွယ်ဦး နှင့် ကန်ပက်လက် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ် စား
လှယ် သူရဦးအောင်ကိုတို့ က အဆိုပါ ဥပဒေကြမ်း အားကန့်ကွက် ခဲ့ပြီး ကော့မှူး   မဲ ဆန္ဒနယ်
 ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင် ဆန်းစုကြည် က အဆိုပါဥပဒေကြမ်း အား ပြန်
လည်ပြင်ဆင်ရေးဆွဲရန် ဆွေးနွေးခဲ့သည်။
သင်္ဃန်းကျွန်းမြို့နယ် မဲဆန္ဒနယ် မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်ကလည်း 
အဆိုပါဥပဒေ ကြမ်းအဆို ကန့်ကွက်ဆွေးနွေးခြင်းနှင့် ပတ်သက်၍ လွှတ်တော်  နည်းဥပဒေ 
ပုဒ်မ  ၁၅၈/ငနှင့် ညီညွတ်မှုမရှိ ကြောင်း ထောက်ပြဆွေးနွေးခဲ့သည်။ 
ထို့ကြောင့် ပုဒ်မ ၁၅၈/င အရ လွှတ် တော်ဥက္ကဋ္ဌ၏ သဘောတူညီချက် ဖြင့် အဆိုပါ အဆို
အား  ရွှေ့ဆိုင်းခြင်း ကို ဦးသိန်းညွန့်က အဆိုအဖြစ် ထပ်မံ  တင်သွင်းဆွေးနွေး  ခဲ့ကြောင်း 
သိရ သည်။
အဆိုပါ ဥပဒေ ကြမ်းဆွေးနွေး ခြင်းနှင့်ပတ်သက်၍ ပညာရေးဝန်ကြီး    ဌာနမှ ပြည်ထောင်စု
ဝန်ကြီး ဒေါက် တာမြဦး ကလည်း ၂၀၁၃ခုနှစ် ပုဂ္ဂလိက တက္ကသိုလ်  ပညာရေး  ဥပဒေကြမ်း
အား ရေးဆွဲလျက်ရှိပြီး ရှေ့နေချုပ်ရုံးသို့ ပို့ဆောင် ထား ပြီဖြစ်ကြောင်း၊   မကြာမီ လွှတ်တော် 
 အသီးသီးသို့ ပြန်လည် တင်ပြသွားမည်ဖြစ်ကြောင်း ဖြေကြား ခဲ့သည်။
အဆိုပါပြည်ထောင်စုဝန်ကြီး ၏ဖြေကြားမှုနှင့် ပတ်သက်၍   ကော့မှူး မဲဆန္ဒနယ် ပြည်သူ့
လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် က    ''ပြည်ထောင်စုဝန်ကြီး ဖြေကြား 
သွားတာမှာ ဆွေးနွေးတင်ပြသွားတဲ့ အဆိုနဲ့ ကွဲလွဲနေတဲ့  အတွက်ကြောင့် မြန်မာနိုင်ငံနှင့် 
နိုင်ငံတကာတက္ကသိုလ် များ ဆက်သွယ်မှုကို ပြောတာမဟုတ် ပါ။   ဘယ်လိုပဲ   နိုင်ငံခြား
တက္ကသိုလ် များနဲ့ ဆက်သွယ်ဆောင်ရွက်နေနေ လွတ်လပ်တဲ့တက္ကသိုလ်တွေ ပေါ် ပေါက်
လာ ဖို့အတွက် ကျွန်မအပါ အဝင် ဒေါ်တင်နွယ်ဦးနဲ့ သူရဦးအောင် ကိုတို့ ဆွေးနွေးတာက
 လွတ်လပ်တဲ့    တက္ကသိုလ်   တွေပေါ်ပေါက်  လာဖို့   ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်''   ဟု
 ဒေါ် အောင်ဆန်းစုကြည်က ပြည်ထောင်စု ဝန်ကြီး၏ ဆွေးနွေးချက်ကို ပြန် လည်ဆွေးနွေး
ခဲ့သည်။
သုံးသပ်ညှိနှိုင်း ဆောင်ရွက် လို့ရ ပါတယ်။     ပုဒ်မ     ၁၅၉(င) အရ လွှတ်တော် ဥက္ကဋ္ဌရဲ့
သဘောတူ ညီချက်နဲ့ ယခုအဆိုအား ရွှေ့ဆိုင်း လို့ရတဲ့ အတွက် လွှတ်တော်ဥက္ကဋ္ဌ အနေဖြင့် 
ဒီဥပဒေကြမ်း အဆိုဆွေး နွေးမှုအား ရွှေ့ဆိုင်းရန် သဘောတူ ပါတယ်''ဟု ပြောကြား သည်။
သတင်းရင်းမြစ်   Yangon Media Group
No comments:
Post a Comment
မျှဝေသောသတင်းများပေါ်တွင် လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်ပါသည်။ ရိုင်းပျသော မှတ်ချက်များ မရေးသားရန် တောင်းဆိုအပ်ပါသည်။