ပဲခူးတိုင်း သဲကုန်းမြို့နယ်မှာ ဒီနေ့မနက်ပိုင်းက လယ်သမားတွေရဲ့
ဆန္ဒပြပွဲကို ရဲက
ဖြိုခွင်းပြီး ဆန္ဒပြခေါင်းဆောင် ၅ ဦးကို
ဖမ်းဆီးလိုက်တယ်လို့ နယ်မြေခံတွေက ပြော
ပါတယ်။
သဲကုန်းမြို့နယ်တွင်း ကျေးရွာ ၁၀ ရွာခန့်က လယ်သမားတွေက သူတို့ထံကနေ အာဏာ
သဲကုန်းမြို့နယ်တွင်း ကျေးရွာ ၁၀ ရွာခန့်က လယ်သမားတွေက သူတို့ထံကနေ အာဏာ
ပိုင်တွေက သိမ်းဆည်းယူငင်ထားတဲ့ လယ်ဧက ၃၀၀ ကျော်ကို
ပြန်လည်ရယူလိုတဲ့
အတွက် ငြိမ်းချမ်းစွာဆန္ဒပြခွင့်ပြုဖို့ ဥပဒေနဲ့
အညီတင်ပြခဲ့ကြပေမယ့်လည်း ခွင့်မပြုတာ
ကြောင့် ဒီမနက် ၉ နာရီမှာ စတင် ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။
သဲကုန်းမြို့ ရွာထိပ်မှာရှိတဲ့ မြသိန်းတန် ဘုရားရှေ့ကစတင်ပြီး လူအင်အား ၂၀၀ ကျော်ခန့်
သဲကုန်းမြို့ ရွာထိပ်မှာရှိတဲ့ မြသိန်းတန် ဘုရားရှေ့ကစတင်ပြီး လူအင်အား ၂၀၀ ကျော်ခန့်
သဲကုန်းမြို့တွင်းကို ချီတက်လာရာမှာ မြို့တော်ခန်းမရှေ့မှာ အသင့်စောင့် ဆိုင်းနေတဲ့ ရဲ၊
မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ ရဲမှူးတွေအပါအ၀င်
အင်အား ၅၀ ခန့်က အတင်း ၀င်ရောက်
ရိုက်ဖြိုခွင်းပြီး လယ်သမား ၅ ဦးကို ဖမ်းဆီးသွားတယ်လို့ ဆိုပါတယ်။
ဖမ်းဆီးခံရသူတွေကတော့ ဦးဆောင်လှုပ်ရှz}O_'Sw׀့ အင်ပင်လှရွာသား ကိုအုံးဟန်၊
ဖမ်းဆီးခံရသူတွေကတော့ ဦးဆောင်လှုပ်ရှz}O_'Sw׀့ အင်ပင်လှရွာသား ကိုအုံးဟန်၊
ပြည်မြို့က ကိုဝင်းလှိုင်၊ ဆောက်ချုံကြီးရွာသား ကိုဝင်းစိုး၊
ကိုကြည်ဝင်း နဲ့ အောင်ကုန်း
ရွာသား ကိုအောင်ကြိုင်တို့ဖြစ်ပြီး သူတို့ကို
သဲကုန်းရဲစခန်းတွင်းကို ခေါ်ဆောင်သွားတယ်လို့
ဆိုပါတယ်။
ဆန္ဒပြပွဲ ဖြိုခွဲခံရတဲ့ လယ်သမားတွေနဲ့ မြို့ခံတွေဟာ ဖမ်းခံရသူတွေ ပြန်လွတ်လာရေးအတွက်
ဆန္ဒပြပွဲ ဖြိုခွဲခံရတဲ့ လယ်သမားတွေနဲ့ မြို့ခံတွေဟာ ဖမ်းခံရသူတွေ ပြန်လွတ်လာရေးအတွက်
ရဲစခန်းရှေ့ဝန်းကျင်မှာ စောင့်ဆိုင်းနေကြပါတယ်။
သတင်းရင်းမြစ်း DVB
No comments:
Post a Comment
မျှဝေသောသတင်းများပေါ်တွင် လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်ပါသည်။ ရိုင်းပျသော မှတ်ချက်များ မရေးသားရန် တောင်းဆိုအပ်ပါသည်။