ပြန်ကြားရေးဝန်ကြီးဌာန၊ စာပေစိစစ်နှင့် မှတ်ပုံတင်ဌာနက သတ်မှတ်ထားသော
စည်းကမ်း
ချက်များ ချိုးဖောက်သည်ဟူသော စွပ်စွဲချက်ဖြင့် The Voice Weekly
နှင့် Envoy သတင်း
စာစောင်များ လာမည့်အပတ်မှ စ၍
ထုတ်ဝေခွင့် ယာယီ ရပ်နား လိုက်ကြောင်း စာပေ
စိစစ်နှင့် မှတ်ပုံတင်ဌာန၏ ခေါ်ယူအကြောင်းကြားခြင်းခံရသူ အရပ်နားခံ စာစောင် တစ်ခုမှ
အမှုဆောင် အယ်ဒီတာတစ်ဦးက ပြောကြားသည်။
ယင်းကိစ္စနှင့်ပတ်သက်၍ Envoy သတင်းစာစောင်က မှန်ကန်ကြောင်း အတည်ပြုပြောကြား
သည်။
The Voice Weekly သတင်းစာစောင်ကို ယခုတစ်ကြိမ်
ထုတ်ဝေခွင့်ယာယီရပ်နားခံရမှုနှင့်
ဆိုပါက စုစုပေါင်း ၆ ကြိမ် တိတိ
ထုတ်ဝေခွင့်ပိတ်ခြင်းဖြစ်သည်။
၂၀၀၅ ခုနှစ် ဖေဖော်ဝါရီလတွင် နှစ်ပတ်၊ ၂၀၀၅ ခုနှစ် မေလမှ ဇွန်လကြားတွင် လေးပတ်၊
၂၀၀၅ ခုနှစ် ဖေဖော်ဝါရီလတွင် နှစ်ပတ်၊ ၂၀၀၅ ခုနှစ် မေလမှ ဇွန်လကြားတွင် လေးပတ်၊
၂၀၁၀ ပြည့်နှစ် ဇွန်လတွင် တစ်ပတ်၊
၂၀၁၀ ပြည့်နှစ် ဇူလိုင်လတွင် နှစ်ပတ်၊ ၂၀၁၀ပြည့်နှစ်
နိုဝင်ဘာလတွင် တစ်ပတ်
ထုတ်ဝေခွင့် ပိတ်ခဲ့သည်။
No comments:
Post a Comment
မျှဝေသောသတင်းများပေါ်တွင် လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်ပါသည်။ ရိုင်းပျသော မှတ်ချက်များ မရေးသားရန် တောင်းဆိုအပ်ပါသည်။